နေပြည်တော် ဇွန် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးရဲတင့်သည် ဇွန် ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်၊ တောင်တွင်းကြီး၊ မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ဆိပ်ဖြူ နှင့် ချောက်မြို့နယ်တို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနရုံးများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ထို့ပြင် မင်းဘူးမြို့ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဇွန် ၁၉ ရက်တွင် ချောက်မြို့နယ်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး ညောင်ဉီး၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊  ပေါက်၊ မြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်နှင့်  မုံရွာမြို့နယ်တို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနရုံးများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ထို့ပြင် ပခုက္ကူမြို့ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် မုံရွာမြို့ရှိ ကိုယ်ပွားသတင်းစာတိုက် (မုံရွာ) ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဉီးရဲတင့်က ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်   မိမိအလုပ်ကို ချစ်မြတ်နိုး တန်ဖိုးထားရန်၊  ဌာန၏ စွမ်းဆောင်ရည် မြင့်မားစေရေးကို အလေးထားရန်၊   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိစ္စများတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသော မူဝါဒများ ပြန်လည်ဖြန့်ဝေနိုင်ရေး  ဆောင်ရွက်ရန်   စသည်ဖြင့် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

(ခရိုင် ပြန်ဆက်)