နေပြည်တော် ဇွန် ၂၁

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန်၂၀ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မိုးလုံလေလုံ အားကစားခန်းမ အမိုးနှင့်အခင်း ဆေးသုတ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မီးပြန်လည်ပြုပြင် ပြီးစီးမှုကိုလည်းကောင်း၊ မအူပင်မြို့နယ် ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ပွဲကြည့်စင်တည် ဆောက်ပြီးစီးနေမှုလုပ်ငန်းများ၊ အလေးမအားကစားရုံ ပျက်စီးယိုယွင်းနေမှုများကိုလည်း ကောင်း၊ ဘတ်စကက်ဘောကွင်း၊ စားပွဲတင်တင်းနစ်ရုံ၊ ပိုက်ကျော်ခြင်းအားကစားကွင်း များကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းပြီး ပြန်လည်မွမ်းမံနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် မိုးလုံလေလုံ         အားကစားရုံကို ကြည့်ရှုစစ်ဆေး၍ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးသွားသော အုတ်နံရံများအား ပြန်လည်ပြုပြင်ရေး ကိစ္စရပ်များ၊ မြို့နယ်ဘောလုံးအားကစားကွင်းကို  မြေဖို့ပြုပြင်ရန် လိုအပ်သည့်ကိစ္စရပ်များကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ပြည်သူ့အားကစားဘောလုံးကွင်း၊ မြို့နယ်အားကစားခန်းမ တို့ကိုလည်းကောင်း၊ ဇလွန်မြို့နယ် ဘောလုံးအားကစားကွင်း၊ မြို့နယ်အားကစား ခန်းမတို့ကိုလည်းကောင်း၊ ဟင်္သာတခရိုင် အားကစားကွင်း၊ ဟင်္သာတမြို့နယ် ဘောလုံးအားကစားကွင်း၊ ဟင်္သာတမြို့နယ် အားကစားခန်းမတို့ကိုလည်းကောင်း၊ ကျုံပျော်မြို့နယ် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ကွင်းအတွင်း ငါးရိုးရေစစ် မြောင်းထည့်သွင်းခြင်း၊  ကွင်းပတ်လည် မြောင်းအဖုံးပါ အုတ်ရေမြောင်းပြုလုပ်ခြင်း၊ ကွင်း အတွင်း သဲ/ဖွဲပြာ ခြောက်လက်မထု (၁လက်မ Camber) ကွင်းညှိခြင်းလုပ်ငန်းတည် ဆောက်နေမှု၊ ကျုံပျော်မြို့နယ် အားကစားခန်းမ မိုးလုံလေလုံ အားကစားရုံ တည်ဆောက် ပြီးစီးမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များကို မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ကန်ကြီးတောင့်မြို့နယ် မြို့နယ် ဘောလုံးအားကစားကွင်း အုတ်တံတိုင်း ကာရံထားရှိပြီးစီးမှု အခြေအနေနှင့် မိုးလုံ လေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်