ကျိုင်းတုံ၊     ၂၂   ဇွန်  

၂၀၂၁ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  လက်ကမ်းစာစောင်များကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ဇွန်လ ၂၁ ရက် ညနေပိုင်းက ကျိုင်းတုံမြို့ ညနေဈေး(အာခါဈေး)၌ ဈေးရောင်းဈေးဝယ်များနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်အချက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ စသည့်အသိပညာပေး အကြောင်းအရာများနှင့် “ကမ္ဘာ့ရန်သူဘိန်းဖြူ” စသည့်ပညာပေးကဗျာများ ပါဝင်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)