ကျိုက်မရော၊ ၂၂ ဇွန်
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီး ဌာနတို့ ပူးပေါင်း၍ မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးပွဲ Talk-Show ကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြည်သူများ ကျန်းမာ ရေး အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ရီရီဝင်းက မိုးရာသီတွင် ခြင်ကြောင့် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ ရေတွင်းရေကန်များအား ခြင်များမပေါက်ပွားစေရန် အဘိတ်ဆေးများ ခတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


