ခင်ဦး၊ ၂၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဇွန်လ ၂၁ ရက်မှစတင်ပြီး ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီစနစ်တကျ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း တစ်ထောင်ကျော်ရှိရာ အငြိမ်းစားဝန်ထမ်း (၃၅၀)ကျော် ပင်စင် လစာလာရောက်ထုတ်ယူပြီး ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်ထုတ်ယူကြသော အငြိမ်းစား ဝန်ထမ်းများနှင့် ပတ်သက်၍ ဘဏ်ဝန်ထမ်းများက အချိန်ကြန့်ကြာမှု မရှိစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် အမြန်ဆုံး ဝန်ဆောင်မှုပေးလျက်ရှိသည်။
ထိုသို့ ထုတ်ယူရာတွင် မြို့နယ်ဘဏ်မန်နေဂျာက သတ်မှတ်ပေးထားသော ရက်များအတိုင်း လာရောက် ထုတ်ယူ ရန်နှင့် သတ်မှတ်ရက်အတိုင်းလာရောက်မထုတ်ယူနိုင်သော ရပ်ဝေးများမှ အငြိမ်းစား ဝန်ထမ်းများ အနေဖြင့် ရုံးချိန်အတွင်း မည်သည့်ရက်မဆို လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ် ဘဏ်မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


