ဘုတ်ပြင်း၊ ၂၂ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက် ရှိသည့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်များအား ကျန်းမားရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ပူးပေါင်းအဖွဲ့များက ယနေ့နံနက်က မြို့မဈေးနှင့်၊ မြို့ပေါ်စားသောက်ဆိုင်များ၊ အရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် Mask နှင့် Face Shield တပ်ဆင်၍ စနစ်တကျရောင်းချမှုရှိမရှိနှင့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းမပြုရန်နှင့် ပါဆယ်စနစ်ဖြင့်ရောင်းချနိုင်ရေး၊ ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


