မိုင်းယောင်း၊ ၂၂ ဇွန် 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနက ထုတ်ဝေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းနှင့် ဝန်ထမ်း များသည် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ ကမ္ဘာ့ရန်သူဘိန်းဖြူ စသည့် အကြောင်းအရာများ၊ ဆောင်ပုဒ်များ၊ အထိမ်းအမှတ်ကဗျာများ၊ အဆိုအမိန့်စာစုများနှင့် ကာတွန်းများ ပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း