ရွှေကျင်၊ ၂၂  ဇွန် 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အဖွဲ့(၅)ဖွဲ့ခွဲကာ နေရာ(၅) နေရာဖြစ်သော (၁) ဗိုလ်စောအောင်ပန်းခြံရှေ့ (၂)မြို့မစျေးအနီးရွှေညောင်ပင် ကယ်ရီဂိတ် (၃)အ-ထ-က (တပ်နယ်)ကျောင်းရှေ့(၄)ရွှေကျင်ချောင်းကူးတံတားထိပ်နှင့် (၅)မဒေါက်ကလေး တံတားထိပ် တို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့သွားလာနေသူများအား ငွေ(၁၀၀၀)ကျပ်ဖြင့် နှာခေါင်းစည်း(၂)ခုဝယ်ယူစေပြီး ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွှေကျင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)

mdn