ဇေယျာသီရိ၊ ၂၂  ဇွန် 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးအုပ်စုအတွင်း နေထိုင်လျက်ရှိသည့် အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ဖူးခြင်း မရှိသေးသူများကို ကျွန်းရောင်းကျေးရွာအုပ်စု ရွှေပေးကျေးရွာ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရှိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဇေယျာသီရိမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ကျွန်းရောင်းကျေးရွာအတွင်းရှိ နိုင်ငံသား စိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသည့် အသက်(၁၆နှစ်) အထက်နှင့်အသက်(၁၈)နှစ် အထက်လူဦးရေ (၂၆၁)ဦး တို့ကို ဇွန်လ(၂၂) ရက်နေ့မှစတင်ကာ (၂၄) ရက်ထိဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသော မြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)

mdn