နေပြည်တော် ၂၃ ဇွန်

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန်လက်နက်ခဲယမ်းများ နှင့်အတူ အကြမ်းဖက်သူတချို့ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်စဉ် အကြမ်းဖက်သူများက လက်ပစ်ဗုံးများ ၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူလေးဦး၊ ဖမ်းဆီးရမိသူရှစ်ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့သည်။

တစ်ချိန်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၅၃ လမ်းပေါ်မှ စိစစ်ဆဲ ပါကျဲရိုးအဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးသွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့သဖြင့် လမ်း ၁၁၀ နှင့်၅၆ လမ်းထောင့်ရှိ ထရန်စဖော်မာအားအရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီး အဆိုပါတင်ယာဉ်အား သေဆုံးလျက်ရှိသော အကြမ်းဖက်သူလေးဦးနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။ ယင်းဖြစ်စဉ် အသေးစိတ်အား ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်