လပွတ္တာ၊ ၂၃ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက လပွတ္တာမြို့နယ် ရွေးနဒီခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လပွတ္တာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးနိုင်ဦးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် စီမံကိန်းလုပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းလုပ်များအား ကျေးရွာကော်မတီဝင်များအနေဖြင့် တန်ဖိုးထား၍ အကျိုးရှိစွာ အသုံးချကြရန် ပြောကြားခဲ့သည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာတွင် လပွတ္တာမြို့နယ်တွင် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်ရေရရှိရေးလုပ်ငန်း ၉ ခု၊ ကျေးလက်ကုန်ထုတ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ၃ ခုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း ၁၅ ခုတို့အား ဌာနဆိုင်ရာတာဝန်ရှိသူများမှ သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တေဇာလင်း

mdn