ကျွန်းလှ၊ ၂၃ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ဇွန် ၂၃ ရက် နံနက် ၇ နာရီက သစ်ရာမြိုင်ရပ်ကွက်ဈေးရှေ့ လူစည်ကားသောနေရာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပ သွားလာသူများ၊ ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများ၊ ကျောင်းသားကျောင်းသူများအား နှာခေါင်းစည်း(Mask) ၈၅၀ ခုကို အခမဲ့ဖြန့်ဝေပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သွားလာနေထိုင်ကြရန် အသိပညာပေးသည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)