မော်လမြိုင်၊ ၂၃ ဇွန်

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီအဖွဲ့ဝင်များသည် ဇွန် ၂၂ ရက် မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့၊ မြိုင်ရတနာ ကုန်စိမ်းဈေး အဆင့်မြှင့်တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

 

ကုန်စိမ်းဈေးအတွင်း လေဝင်/လေထွက်စနစ်၊ ရေဆိုး/ရေညစ်ကန်များ ထားရှိသည့်စနစ်၊ အမှိုက်များကို အစို/အခြောက် ခွဲခြားစုပုံစေရေး၊ မီးဘေးအန္တရာယ် လုံခြုံရေးတို့ကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး ဓာတ်လှေကား၊ စက်လှေကားများ တပ်ဆင်ထားမည်ဖြစ်ကာ ရေရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြိုင်ရတနာ ကုန်စိမ်းဈေး (၅)ထပ်အဆောက်အဦသည် မြေဧရိယာ (၁ ဒသမ ၁၃) ဧက၊ အဆောက်အဦအကျယ်အဝန်းမှာ အလျား (၂၂၅)ပေ၊ အနံ (၁၉၈)ပေ ကျယ်ဝန်း၍ ကားရပ်နားရန် နေရာများပါရှိပြီး မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဈေးများအဆင့်မြှင့်တင် တည်ဆောက်ခြင်းသည် ဒေသခံပြည်သူများ၊ အခြားမြို့/ရွာဒေသပြည်သူများပါ အဆင်ပြေချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ အခွန်ဝင်ငွေတိုးတက်ရရှိစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)