ထားဝယ်၊ ၂၃ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အညာဖျားရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ မူဝါဒများချမှတ်သည့်နေရာတွင် ရေအားလျှပ်စစ်၊ နေအားလျှပ်စစ်၊ သဘာဝဖြည့်စွမ်းအင်ပေါ်မှာမူတည်၍ ထုတ်နုတ်ပြီး လျှပ်စစ်စွမ်းအင်ကို အသုံးပြုရန်၊ လောင်စာနှင့် ပြုလုပ်သော ကန့်သတ်အရာများကို ခွင့်မပြုရန် စသည့်အရာများကို ပိတ်ပင်ထားကြောင်း၊ ရေအားလျှပ်စစ်ပေါ်မူတည်ပြီး ဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် မြန်မြန်ဆောင်ရွက်စေချင်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သဘာဝစွမ်းအင်လှိုင် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက အညာဖျားရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိအခြေအနေများကို ရှင်းလင်းတင်ပြရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


