မော်လမြိုင်၊ ၂၃ ဇွန်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် လူထုလှုပ်ရှားမှု အသိပညာပေး Mask Campaign ကို ဇွန် ၂၂ ရက် မွန်းလွဲ နာရီက Ocean Super Center ရှေ့တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊    မြို့နယ်ပညာရေးဌာနဝန်ထမ်းများ၊   မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်    မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ Mask အခုရေ (၅၀၀)အား လမ်းသွားလမ်းလာ ပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ပေးခြင်းသည် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင်ကြရန်နှင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများထံမှ ကူးစက်မှုမခံရစေရန်  ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာန၏  လမ်းညွှန်းချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)