နေပြည်တော် ဇွန် ၂၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၁ ခုနှစ်၊ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ဧပြီမှ ဇွန်အထိ ဒုတိယ (၃)လပတ် လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ နိဂုံးချုပ် ဖြည့်စွက်အမှာစကား ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်နှင့် ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ ပါဝင်တက်ရောက် ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်


