မြိတ် ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြိတ်တောင်ကျေးရွာရှိ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဟာ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေရေး ရည်ရွယ်ပြီး နိုင်ငံသားအားလုံးလက်ဝယ်မှာ နိုင်ငံသားစိစစ်ရေးကတ်တွေ အိမ်ထောင်စု စာရင်းတွေရရှိဖို့အတွက် ဆောင်ရွက်နေတဲ့ စီမံချက်ဖြစ်ပါတယ်။ ပြည်သူအားလုံးလက်ဝယ်မှာ ကိုင်ဆောင်သင့်တဲ့ ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုစာရင်းတွေကို ကိုင်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေအားလုံး လာရောက်ပြီး ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင် ဦးစီးမှူး ဦးထွန်းဇော်ဦးက ပြောသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို လုပ်ငန်းစဉ်()မျိုးဖြင့် ဆောင်ရွက်ပေးရာတွင် ပြည်သူလူထုများအား လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ တခြားဒေသမှ အိမ်ထောင်စုစာရင်းရှိ၍ လက်ရှိဒေသတွင် လာရောက်နေထိုင်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ တခြားဒေသတွင်နေထိုင်စဉ်နှင့် လက်ရှိဒေသတွင်နေထိုင်ရာ၌ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်းများကို သာမန်ရွှေ့ပြောင်း၊ ယာယီရွှေ့ပြောင်းနှင့် မြို့နယ်တွင်းစာရင်းကျန် ()မျိုးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာမန်ပြောင်းရွှေ့အိမ်ထောင်စုများကို ပန်းခင်းစီမံချက်အရ တခြားဒေသမှ ပုံစံ(၁၀) သွားရောက်ယူဆောင်စရာမလိုဘဲ လက်ရှိဒေသ အိမ်ထောင်စုစာရင်း ထုတ်ပေးကြောင်း၊ ထို့အတူ ရွှေ့ပြောင်းလုပ်သားများကို ()ဦးကော်မတီအဖွဲ့မှစိစစ်၍ အိမ်ထောင်စုစာရင်းထုတ်ပေးကြောင်း၊ အိမ်ထောင်စုစာရင်းရရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြား ဆက်လက်စိစစ်ထုတ်ပေးကြောင်း၊ အဆိုပါစီမံချက်ကို မွေးရာပါ နိုင်ငံသားနှင့် ဉပဒေအရ နိုင်ငံသားများပါ မူလဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ထုံးလုပ်နည်းများကို ဖြေလျှောပြီး နိုင်ငံသား အခွင့်အရေးမဆုံးရှုံးအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် မြိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာပြည်သူလူထုများအား မြိတ်တောင်ကျေးရွာရှိ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် မေလ()ရက်မှ ဇွန်လ(၂၁)ရက်အထိ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်တောင်ကျေးရွာနှင့် မြိတ်တောင်ရပ်ကွက်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကာ အိမ်ထောင်စုလူဦးရေစာရင်း (၅၀၀၄)စုကို ထုတ်ပေးနိုင်ခဲ့၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၂၇)ကတ်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကလွင်ကျေးရွာ ပြည်သူများအား  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်မြို့နယ်ဦးစီးမှူးရုံးက သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက် )