မိုင်းရယ် ၂၃ ဇွန်
မိုင်းရယ်မြို့၊ မြို့မဈေးကြီး မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦစိုးမိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းစိုးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နေ့လည် ၂ နာရီက မြို့မဈေးကြီးအတွင်းရှိ ဆိုင်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးရေးအဖွဲ့သည် ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကတ်များပြင်ဆင်ထားရှိမှု၊ မီးငြိှမ်းသတ်ရန်နှင့်သုံးစွဲရန် ရေကန်တွင်း ရေဖြည့်တင်း ထားရှိမှု အားလည်းကောင်း၊ လျှပ်စစ်မီးအန္တရာယ်မရှိစေရန်အတွက် ဆိုင်ခန်းများရှိ မီတာဘောက်များ စနစ်တကျသုံးစွဲထားမှု ရှိ၊မရှိ ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌက လိုအပ်သည်များကို ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ် ပြန်/ဆက်


