mdn

နေပြည်တော်၂၃ ဇွန် 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အာဆီယံနယ်ပယ် အနေဖြင့် မူဝါဒအညွှန်းကိန်း (Policy Index) တိုင်းတာရာတွင် အောင်မြင်မှုရရှိ အောင် ထဲထဲဝင်ဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစပျိုးစီးပွား ရေးလုပ်ငန်းများ ပြုစုပျိုးထောင်ရေး ဌာန၏ သဘောတရားများအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်မှု၊  လုပ်ဆောင်ချက် များ၏ ရည်ရွယ်ချက်ကို ရှင်းလင်း စွာသိရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ MSME များ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ အရေးကြီး ဆောင်ရွက်ရန်ရှိသည်များကို အချိန်တိုအတွင်း အောင်မြင်မှုရရှိ အောင်ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက် ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် အဓိကအားဖြင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီ ဆောင်ရွက်သွားရန်” လမ်းညွှန်မှုပြုထားသဖြင့် MSME များဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို အထူးအလေးထား ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း။

အစပျိုးစီးပွားရေးလုပ်ငန်းများ ပြုစုပျိုးထောင်ရေးဌာန ထူထောင်ပြီးပါက အာဆီယံ ဒေသရှိ ပြည်ပအဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစပျိုး စီးပွားရေး လုပ်ငန်းများ ပြုစုပျိုးထောင်ရေးဌာန တည်ထောင် ခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၊ MSME များအား ပံ့ပိုးခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသတွင်း အစီအစဉ်များတွင် ပူးပေါင်းပါဝင်ခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဝန်ထမ်းများမှ လည်း အကြံကောင်း၊ ဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ယခုဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ရလဒ်ကောင်း တစ်ခုထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရေးတို့အတွက် အထောက်အကူပြုမည့်စာတမ်းများကို ဖတ်ကြားကြပြီး တက်ရောက် လာသူများက အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)