နေပြည်တော် ၂၃ ဇွန်
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၆နာရီမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း/အားကစားရုံအသီးသီး၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသော ပြေးခုန်ပစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံ၌ ဗိုဗီနမ်အုပ်စုလိုက် သရုပ်ပြပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒိုတစ်ဦးချင်း သရုပ်ပြ ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ မြားပစ်အားကစားကွင်း၌ မြားပစ်အားကစားနည်းမှ တစ်ဦးချင်း Compound(ကျား/မ)ပြိုင်ပွဲ၊ တစ်ဦးချင်း Recurve(ကျား/မ) ပြိုင်ပွဲ၊ Mix Team Compound ပြိုင်ပွဲ၊ Mix Team Recurve ပြိုင်ပွဲများယှဉ်ပြိုင်နေမှု များကိုလည်းကောင်း၊ ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပသော ဂျူဒိုတစ်ဦးချင်း အတိုက် ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ ပိုက်ကျော်ခြင်း အားကစားရုံ၌ ပိုက်ကျော်ခြင်းလေးယောက်တွဲ (ကျား/မ)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစာရုံသို့၌ လက်ဝှေ့ပြိုင်ပွဲအဖြစ် ကျား(၆၄၊ ၅၈၊ ၅၂) ကီလို တန်းများနှင့် မ(၅၇၊ ၅၁) ကီလိုတန်းများ ယှဉ်ပြိုင် ထိုးသတ် နေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ပီတန်းအားကစားရုံသို့၌ ပီတန်းအားကစားနည်းမှ တစ်ဦးချင်း Shooting(ကျား/မ) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှု များကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီး ဆုရရှိကြသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


