ခင်ဦး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများက ဇွန် ၂၅ ရက် နံနက်ပိုင်းက ပြည်သူများထံသို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ ပညာပေးကာတွန်းနှင့် ကဗျာ စသည်တို့ ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်များကို မြို့ဝင်ဂိတ်၊ မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်သည့် ပြည်သူများ၊ ဌာနဆိုင်ရာများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


