ပဲခူး   ဇွန်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၁၁ နာရီက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ် လာသည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအမည်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ကာတွန်း များနှင့် ဘိန်းစာပင်နှင့်ဘန်းစာမှုန့်အထုတ်များ၊ ဘိန်းသီး၊ ဘိန်းပန်း၊ ဘိန်းခင်း ဆေးခြောက်ပင်၏  အစိတ်အပိုင်းများ၊ ဘိန်းသီးမှ ဘိန်းစေ့ခြစ်ယူထားပုံများ၊ စိတ်ကြွရူးသွပ်ဆေးပြားများပါဝင်သည့် နံရံကပ် စာစောင်နှင့် ဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။

မျိူးငြိမ်း(ခရိုင်ပြန်/ ဆက်)