မိုးနဲ ၂၅ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့ ညနေ ၃ နာရီက ကျိုင်းတောင်းမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းက အမှာစကားပြောကြားပြီး မိုးနဲမြို့နယ် အား/ကာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းပေးအပ်သည်။
ကွင်းဖွင့်ပွဲတွင် အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး ပြိုင်ပွဲသို့ ရပ်ကွက်နှင့် ကျေးရွာများမှ အသင်း(၉) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


