ပဲခူး ဇွန် ၂၅ 

 

ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ  တက္ကသိုလ်သင်္ခ၏ "ခေတ်သစ်လူပါးနှင့် အခြားဆောင်းပါးများ"စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး ဆောင်းပါးကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများက အသိမှန်လျှင် အလုပ်မှန်မည်၊ စည်းကမ်းစနစ် ကောင်းသူဖြစ်ပါစေ၊ လူနှင့်ဂုဏ်သိက္ခာ၊ ဆန္ဒနှင့်သိက္ခာ အစရှိသည့် စာအုပ်ပါဆောင်းပါးများကို ဖတ်ကြားကြပြီး အမြင်ခြင်းဖလှယ်သည့် အနေဖြင့် အပြန်အလည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မျိုးငြိမ်း( ခရိုင်  ပြန်/ဆက်)