ခရမ်း ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၁-ခုနှစ်မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်(၉)နာရီက ခရမ်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၌ မြို့မအုပ်စု၊ ပေါက်ပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စုရှိ တောင်သူများကို ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် မိုးစပါးချေးငွေတစ်ဧကလျှင်(၁)သိန်းခွဲနှုန်းဖြင့် စပါးစိုက် ဧက ၉၄၇၈၆ ဧကအတွက် သိန်းပေါင်း (၁၄၂၁၇၉)သိန်းကျော်ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ အကျေဆပ်ပြီးသည့် တောင်သူများကို ၂၀၂၁ ဇွန်( ၃) ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိပြီး စက်တင်ဘာလကုန်ရက်အထိ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ခရမ်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ဇွန်(၃)ရက်နေ့မှစ၍ချေးပေးရာ ယနေ့အထိ ကျေးရွာ (၁၄)အုပ်စုတောင်သူဦးရေ (၈၈၅)ဦး၏ (၆၂၄၉)ဧကအတွက် စပါးချေးငွေ (၉၃၇၃•၅) သိန်းကို ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရှိရသည်။
ကိုမင်း (ခရမ်း)


