ဆိပ်ဖြူ ဇွန် ၂၅
ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကို ချောင်းမကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဇွန် ၂၅ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ဆိပ်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား မိမိပတ်ဝန်းကျင်တွင် လူမျိုးပြုန်းတီးမှုနှင့် လူ့ဘဝအသက် ဆုံးရှုံးစေသည်အထိ ကြောက်မက်ဖွယ်၊ လက်နက်သဖွယ်အသုံးပြုနေကြသည့် မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိရှိရှိ သတိရှိရှိ နေထိုင်ကြရေး၊ အသုံးမချကြရေးအသိပညာပေးပြောကြားပြီး၊ ပခုက္ကူခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်နေလင်းက ဦးစီးဌာန၏လုပ်ငန်းများနှင့် စားသုံးရန်သူများအတွက် အခွင့်အရေး(၈)ချက်ကို လည်းကောင်း၊ မြို့နယ် ကြက်ခြေနီအဖွဲ့၊တပ်ခွဲမှူး ဦးမောင်မောင်ဝင်းကမြို့နယ်ကြက်ခြေနီအဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များကို အသိပညာပေး ပြောကြားကြသည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ယူထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ၊ ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ယူထုတ်ဝေသည့် စားသုံးသူဥပဒေအကြောင်းအရာများပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမျိုး(ယောဧရာ)


