ရန်ကုန် ဇွန် ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သစ်တောဦးစီးဌာနနှင့် ထူး ကုမ္ပဏီများအုပ်စုတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက် ၈ နာရီခွဲက ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်း ရေလှောင်တမံကြိုးဝိုင်းအတွင်း၌ ပြုလုပ်သည်။

မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲတွင် သန်လျင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီဝန်ထမ်းတို့က ပျဉ်းကတိုးပင် ၉၀၊  ပိတောက် ၂၇၅ ပင်၊ မဟော်ဂနီ ၄၂၅ ပင်၊ မန်ဂျန်ရှားပင် ၃၃၀၊ ပျဉ်းမပင်  ၂၁၀၊ ရေတမာပင် ၅၀၊ ကံ့ကော်ပင်  ၄၀ နှင့် ဝါးပင် ၈၀ အပါအဝင် စုစုပေါင်းပျိုးပင် ၁၅၀၀  တို့အား ဘန့်ဘွေးကုန်း ရေလှောင် တမံကြိုးဝိုင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်