နေပြည်တော် ဇွန် ၂၅

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဇွန် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း၊ ဒေါပုံသင်္ဘောကျင်း၊ စက်ဆန်း သင်္ဘောကျင်း၊ သိမ်ဖြူသင်္ဘောကျင်း၊ ဒလသင်္ဘောကျင်းနှင့် အံ့ကြီးသင်္ဘောကျင်းနေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လက်အောက်ရှိ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းဧရာခန်းမသို့ ရောက်ရှိပြီး သင်္ဘောကျင်းမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သည်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် အမြတ်အစွန်းရရှိရေး၊ လုပ်ငန်းများအောင်မြင်စေရေး နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များ ကိုလည်း လျှော့ချဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ဝန်ထမ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ki

 

အရေးပေါ်ကာလအတွင်း အခက်အခဲအကြပ်အတည်းများ တွေ့ကြုံချိန်များတွင် တာဝန်ကျေပွန်စွာ ဆောင်ရွက် ပေးခဲ့သည့် ဝန်ထမ်းများကို အသိအမှတ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ ကာလရောဂါကူးစက်ပြန့်ပွားမှု များပြား နေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများ အတိုင်းတိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းနှင့် မိမိလုပ်ငန်းနေရာများ လုံခြုံမှုရှိစေရေး၊ လုံခြုံရေးတာဝန်ကျဝန်ထမ်းများက စနစ်တကျ စစ်ဆေးစောင့်ကြပ်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းဝင်းအတွင်း တန် ၁၅၀၀ တွဲရေယာဉ်သစ် (၂)စင်း တည်ဆောက်နေမှုနှင့် လွန်းကျင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအောက်ရှိ ဒေါပုံသင်္ဘောကျင်းနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အောက်ရှိ စက်ဆန်း သင်္ဘောကျင်းတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

 

ယင်းနောက် စက်ဆန်း (မေတ္တာမွန်)ဝင်းအတွင်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဝန်ထမ်းအိမ်ရာနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

 ဆက်လက်၍ သိမ်ဖြူသင်္ဘောကျင်း၊ ဒလသင်္ဘောကျင်းတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သင်္ဘောကျင်းနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းတင်ပြပြီး လွန်းကျင်းများ၊ ရုံးအဆောက် အဦများ၊ ရေယာဉ်များ လွန်းကျင်းတင်တည်ဆောက်နေမှုများကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် အံ့ကြီးသင်္ဘောကျင်း လွန်းတင်နေရာများကို ရေယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)