နေပြည်တော် ဇွန် - ၂၅

 

နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021)) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Saint Petersburg မြို့၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယနေ့ ပြခန်းများတွင် ခင်းကျင်းပြသထားသည့် ကာကွယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင်လည်း ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် Saint Petersburg မြို့ရှိ ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသည့် ရေငုပ်သင်္ဘောစစ်ရေယာဉ်များ၊ ဖရီးဂိတ်စစ်ရေယာဉ်များ၊ ကော်ဗက်စစ်ရေယာဉ်များ၊ ပဲ့ထိန်းဒုံးပျံတင် အမြန်သွား ကင်းလှည့်ရေယာဉ်များ၊ မိုင်းရှင်း၊ မိုင်းချ ရေယာဉ်များနှင့် ကမ်းထိုးကမ်းတက် ရေယာဉ်များအား သွားရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်