ဉတ္တရသီရိ      ဇွန်     ၂၆

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဇွန် ၂၅ ရက်က တတိယအကြိမ်မြောက် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ဆောင်ရွက်ခဲ့သည်၊၊

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရေး ကော်မတီဝင်များက ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၅ ဦးအတွက် ငွေကျပ် ၁၆၆ သိန်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦးအတွက် ငွေကျပ် ၁၀၆ သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ ၂၅ ဦးအတွက် ငွေကျပ် ၆၅ သိန်း စုစုပေါင်း လုပ်ငန်းလုပ်ကိုင်သူ ၁၂၃ ဦးအတွက် ငွေကျပ် ၃၃၇ သိန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေး ပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးသည့် ကျေးရွာစုစုပေါင်း ၁၈ ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အောင်ကို(ပြန်/ဆက်)