ကျောင်းကုန်း ၂၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ အသက်(၂၀) အမျိုးသားနှင့်အတူ ဖူဆယ်ဘောလုံးကန်ကြသူများအား ဇွန် ၂၆ ရက် ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စက်ဖြင့် စစ်ဆေးရာ အမျိုးသား (၁၁)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။
ကျောင်းကုန်းမြို့နယ်၌ ဇွန် ၂၂ ရက်တွင် အမျိုးသမီး(၁)ဦး၊ ဇွန် ၂၃ ရက်တွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁၀)ဦး၊ ဇွန် ၂၆ ရက်တွင် အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၃၂)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာကြရန်နှင့် အိမ်ပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေကြရန်နှင့် လက်ကို စက္ကန့် (၂၀)ကြာ စနစ်တကျ လက်ဆေးကြရန် စသည့်အချက်များကို လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


