ရွှေသောင်ယံ ဇွန် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃) ရပ်ကွက်အပိုင် ဂျိုင်ကြီးကမ်းခြေတွင် ယနေ့နံနက် ၆ နာရီက လင်းပိုင် ဒေသအခေါ် လင်းရှူးအရှင်နှစ်ကောင် ကမ်းတင်လျက်ရှိသည်ကို ဒေသခံများမှ တွေ့ရှိရသဖြင့် တာဝန်ရှိသူများထံ အကြောင်းကြား၍ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဉီးစီးဌာနတို့မှ လာရောက်ကြည့်ရှုပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် စက်လှေဖြင့် ပင်လယ်တွင်းသို့ ပြန်လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါလင်းပိုင်မှာ ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဉီးစီးဌာန၏ တိုင်းထွာချက်အရ တစ်ကောင်မှာ အလျား ၆ ပေ ၁ လက်မ၊ လုံးပတ် ၂ ပေ ၇ လက်မ၊ အမြီး ၁ ပေ ၄ လက်မ၊ အပေါ်ရေယက် ၇ လက်မ၊ ဘေးရေယက် ၉ လက်မရှိပြီး ကျန်တစ်ကောင်မှာ အလျား ၆ ပေ ၃ လက်မ၊ လုံးပတ် ၂ ပေ ၇ လက်မ၊ အမြီး ၁ ပေ ၉ လက်မ၊ အပေါ်ရေယက် ၇ လက်မ၊ ဘေးရေယက် ၉ လက်မရှိကြောင်း သိရသည်။

 

ရွှေသောင်ယံ(ပြန်/ဆက်)