တီးတိန် ဇွန် ၂၇
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ပြည်သူ့ဆေးရုံတွင် ယနေ့ (၁၁) ဦး စစ်ဆေးရာ (၉) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
ဇွန် ၂၆ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံသို့ နေမကောင်း၍ လာရောက်ပြသသူ အမျိုးသမီးတစ်ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test kit ဖြင့်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ပြီး နံနက် ၁၁ နာရီတွင် သေဆုံး၍ မွန်းလွဲ ၁ နာရီ၌ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် မေ ၁၉ ရက်မှ ဇွန် ၂၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၄၅ ဦးရှိပြီး သေဆုံးသူ (၆) ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


