မောင်တော ဇွန် ၂၇

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မောင်တောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် အောင်သာယာကျေးရွာ၊ ဖားဝပ်ချောင်းကျေးရွာနှင့် စံကားပင်ရင်း (မြို) ကျေးရွာတို့တွင် ကျေးလက်အိမ်ရာများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

အဆိုပါ ကျေးလက်အိမ်ရာများ တည်ဆောက်ရာ၌ အောင်သာယာကျေးရွာတွင် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၂၆၅ ဒသမ ၄၀၉) ကျပ်သန်းဖြင့် ကျေးလက်အိမ်ရာ အလုံး (၃၀)၊ ဖားဝပ်ချောင်းကျေးရွာတွင် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် (၂၆၆ ဒသမ ၄၈၉) ကျပ်သန်းဖြင့် ကျေးလက်အိမ်ရာ အလုံး (၃၀) နှင့် စံကားပင်ရင်း (မြို) ကျေးရွာတွင် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၂၆၆ ဒသမ ၃၉၆) ကျပ်သန်းဖြင့် ကျေးလက်အိမ်ရာ အလုံး (၃၀) စုစုပေါင်း ကျေးရွာသုံးရွာရှိ ကျေးလက်အိမ်ရာအလုံး (၉၀) တည်ဆောက်လျက်ရှိရာ တည်ဆောက်နေမှု အခြေအနေများအား ဇွန် ၂၆ ရက်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လုပ်ငန်းများကို စံချိန်စံနှုန်းများနှင့်အညီ သတ်မှတ် အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများနှင့် လုပ်သားများ မှာကြားခဲ့ကြပြီး ကျေးလက်အိမ်ရာ အိမ်တစ်လုံးလျင် အလျား  ၁၈ ပေ၊ အနံ  ၂၆ ပေ၊ အမြင့် ၉ ပေ ကျယ်ဝန်းပြီး လက်ရှိတွင် လုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)