ငါးသိုင်းချောင်း ၂၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (mask) နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းအစီအစဉ်ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ရှိ အများပြည်သူစည်ကားရာ လမ်းမတော်လမ်း မြို့မဈေးထိပ်နှင့် ရေယာဉ်ဆိပ်ကမ်း၊ စည်ပင်သာယာ မြို့မဈေးကြီးအတွင်းတို့တွင် လှည့်လည် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံ ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းနှင့် (mask) နှာခေါင်းစည်းအခုရေ (၅၀၀)အား အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် (၆) ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


