လှိုင်းဘွဲ ၂၇ ဇွန်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး Mask campaign ဆောင်ရွက်ခြင်းနှင့် လူစည်ကားရာ နေရာများတွင် အသိပညာပေး ဗီနိုင်ပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးမြင့်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့က စည်ပင်သာယာမြို့မဈေး၊ ပိုင်ကျုံလမ်းခွဈေးနှင့် ဒိုင်းပြဈေး နေရာများတွင် ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask ဝေငှပေးပြီး ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်း၊ Covid-19 ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့၊ မိမိအိမ်တွင်နေထိုင်ခြင်း၊ ကျန်းမာစွာ နေနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်များ၊ လူ(၅)ဦးထက် စုဝေးခြင်းကို ရှောင်ကြည်ပါ အသိပညာပေးပိုစတာများကို လူစည်ကားရာနေရာများတွင် ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


