မံစီ ဇွန် ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မောရဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက ရပ်ကွက် အတွင်းရှိ အသက်(၂)အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက တာဝန်ယူ၍ ဇွန်လ ၂၂ ရက်က စတင်ဆောင်ရွက်ခဲ့ရာ နမ့်မဖွဲကျေးရွာ၊ မံဖွကျေးရွာ၊ ကျော်ခေါင်ကျေးရွာ နှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


