မင်းလှ  ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဇွန်လ ၂၈ ရက် နံနက်ပိုင်းမှ စတင်ကာ ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေး ရွာအနီး ရန်ကုန် - ပြည်ကားလမ်းမဘေး၌ ကိုဗစ်-၁၉ ရောဂါကြိုတင် တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးရေးဂိတ်ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်ဦးဆောင်ကာ ဌာနဆိုင်ရာများ ပူး ပေါင်းအဖွဲ့က   Stay at Home ထားရှိသော မြို့နယ်များမှ ပြန်လာသူများအားစိစစ်၍ Quarantine Center တွင် ထားရှိရန်ဆောင်ရွက်ခြင်း၊ လက်ပံတန်းမြို့နယ်မှ ဝင်ရောက်လာသူနှင့် ကုန်တင်ယာဉ်များကို ပြန်လည်စေလွတ်ခြင်း၊ ကိုယ်အပူချိန်မြင့်မားသူများနှင့် ကိုဗစ်ရောဂါလက္ခဏာပြသူများရှိပါက မင်းလှပြည်သူ့ဆေးရုံကို စေလွတ်ခြင်း၊ နှာခေါင်းစည်း mask မတပ်ဆင်သူများကို ဒဏ်ငွေကျပ် (၅၀၀) နှင့် နှာခေါင်းစည်း(၅)ခုပေး၍ စနစ်တကျ တပ်ဆင်စေခြင်း စသည့်တို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်၍ သက်ဆိုင်ရာ တာဝန်ကျ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှုအဖွဲ့အား ကြည်ဖြူစွာလက်ခံခြင်းမပြုပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ပေါက်စ (မင်းလှ)

mdn