သိန္နီ     ဇွန်          ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဇွန်လ (၂၇)ရက်နေ့မှစ၍ သိန္နီမြို့ မြို့မဈေးအား (၁၄) ရက်ကြာ ယာယီပိတ်မည်ဖြစ်ကြောင်း သိန္နီမြို့နယ် စည်ပင် သာယာရေးဦးစီးဌာနမှ  သိရသည်။

ယခုအခါ သိန္နီမြို့နယ်အတွင်း Covid-19 ရောဂါကူးစက်သူ စုစုပေါင်း(၅)ဦး အထိရှိလာပြီ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဇွန်လ (၂၇)ရက်နေ့မှ ဇူလိုင်လ (၁၀)ရက်နေ့အထိ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

mdn