လားရှိုး  ဇွန်    ၂၈

လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊မိုးလုံလေလုံခန်းမ၌ ဇွန်လ(၂၈)ရက် နံနက် (၁၀)နာရီခွဲအချိန်က ကိုဗစ်(၁၉) အတည်ပြုလူနာများအတွက် အောက်ဆီဂျင် အိုးများ လာရောက် လှူဒါန်းကြောင်းသိရှိရသည်။

ငွေရည်ပုလဲကုမ္ပဏီမှ ငွေကျပ်သိန်း(၅၀) တန်ဖိုးရှိ အောက်ဆီဂျင် အိုး(၂၃)လုံးကို ကိုဗစ်(၁၉) ရောဂါလူနာများအတွက်ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင် အဆင့်ကော်မတီ ဥက္ကဋ္ဌဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများကလက်ခံရယူကြသည်။

ကိုဗစ်(၁၉)ရောဂါအတည်ပြုလူနာများထားရှိသော ပြည်ထောင်စုအားကစားကွင်း မိုလုံလေလုံ အားကစားကွင်း၌ လူနာများအသုံးပြုရန်အတွက် ပန်ကာ၊Air Cooler များလိုအပ်လျက်ရှိနေပြီး အလှူရှင်များအနေဖြင့် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး Kpay (092150470)သို့ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)

mdn