ချင်းရွှေဟော်  ဇွန်   ၂၈

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇွန်လ၂၈ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ် ကွက်အတွင်းရှိ  အခြေခံစားသောက်ကုန်များရောင်းချသည့် ကုန်စုံဆိုင်ဈေးသည်  အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၃၇)ဦး စုစုပေါင်း (၅၆)ဦးတို့အား  ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို အဆိုပါရပ်ကွက် ဈေးတန်း လမ်းထိပ်၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေး မှူး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ကော်မတီ အဖွဲ့ဝင်များ၊ သန္တိသုခလူမှု ကူညီရေးအသင်းအဖွဲ့များနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ  ပူးပေါင်းကာ ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံစားသောက် ကုန်ပစ္စည်းများ ရောင်းချသည့် ကုန်စုံဆိုင်ဈေးသည်ပြည်သူများအား  ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးနိုင်ရန် စာရင်းဇယားအချက် အလက်များ သေချာစွာ ကောက်ယူ၍ ဓါတ်ခွဲနမူနာ အာခေါင်တို့ဖတ် Swab များရယူခဲ့ကြောင်း သိရသည်။

၎င်းတို့၏ ဓါတ်ခွဲနမူနာSwabများအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ရောဂါပိုးရှိ/ မရှိ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း  ကော်မတီထံမှ သိရှိရ သည်။

ဇင်ဇင်(ပြန်/ဆက်)