မြဝတီ ဇွန် ၂၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးလျက်ရှိရာ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ပြည်သူများအားပြုလုပ်ပေးနိုင်ရန်အတွက် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဇွန်လ ၂၈ ရက်နေ့ က ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်း တို့က အနီးကပ်ကြီးကြပ်မှုတို့ဖြင့် လဝကမှူး ဦးဟန်ထွန်းပါ ဝန်ထမ်းများက ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
အဆိုပါ အမှတ်(၄)ရပ်ကွက်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ၂၀ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၃ ကတ် တို့အား ပြုလုပ်ပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသောသူများအား ထပ်မံ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


