ဟိုင်းကြီးကျွန်း  ဇွန်   ၂၈ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရေးအတွက် mask တပ်ဆင်မှု ရှိ/မရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအား အသိပညာပေး စစ်ဆေးမှုကို ယနေ့ နံနက် ၁၁ နာရီက မြို့အတွင်း လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူများက အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များရှိ ပျံကျစျေးများမှ စျေးရောင်း၊ စျေးဝယ်များနှင့် ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များသို့ လိုက်လံကာ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြိုတင်ကာကွယ်မှုများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)

mdn