ထီးချိုင့် ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် အင်ဒေါင်း-ကြက်တကောင် ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ကသာခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ ထီးချိုင့်မြို့နယ် ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ အင်ဒေါင်း-ကြက်တကောင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ပေ ၁၃၀ အတွက် ခွင့်ပြုငွေကျပ် ၂၅၀ ဒသမ ၇၀ သန်းဖြင့်လည်းကောင်း၊ ပေ ၆၀ အတွက် ခွင့်ပြုငွေကျပ် ၁၁၅ ဒသမ ၇ သန်းတို့ကို တင်ဒါအောင်မြင်သည့် Zayar Infrastructure ကုမ္ပဏီမှ ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊ ယင်းကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးပါက အိမ်ထောင်စု ၁၄၈၁ စု၊ လူဦးရေ ၇၂၅၈ ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မွှေးကြူဇင်


