ဖာပွန် ဇွန် ၂၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသခံပြည်သူများ မိုးတွင်းကာလ၌ ခရီးသွားလာမှု လွယ်ကူစေရေးအတွက် ခရိုင်နှင့် မြို့နယ် လမ်းဦးစီးဌာနမှ တစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်လမ်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ခရိုင်နှင့်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများနှင့် လမ်းတည်ဆောက်ရေးအဖွဲ့များ ပူးပေါင်း၍ အရှည် ပေ (၆၀)‌၊ အကျယ် (၁၂)ပေရှိ တစ်လွှာတစ်ထပ် ဘေလီတံတားအား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါတံတားအား ဇွန် ၂၈ ရက်မှစ၍ (၁၃)တန်အောက် ကုန်တင်ကားများ၊ ယာဉ်ကြီးများနှင့် ယာဉ်ငယ်များ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ခရိုင်လမ်းဦးစီးဌာနမှ သိရှိရသည်။

အဆိုပါတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများ မိုးတွင်းကာလအတွင်း သွားလာမှုလွယ်ကူစေပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)