နွားထိုးကြီး ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးတွင် ဒေသတွင်း ကိုဗစ်ကူးစက်မှုကြောင့် ဇွန် ၂၇ ရက်က တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးရှိပြီး ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီး ကျန်းမာရေးဝန်ထမ်း ၅ ဦးပါဝင်ကြောင်း We Love Natogyi ထံမှ သိရသည်။
နွားထိုးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၈ ဦးရှိလာပြီး ဝန်ထမ်းအိမ်ရာ၊ ဆေးရုံ (၄)ထပ်ဆောင်နှင့် ဆေးရုံကူးစက်ဆောင်တို့တွင် ဆေးကုသပေးနေပြီး ထိတွေ့ဆက်စပ်သူ ၁၄ ဦးကို ဘိုးဘွားရိပ်သာ၌ ထားရှိ၍ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မြို့ကျန်းမာရေးအတွက် လူနာအိမ်များကို ဆေးဖျန်းခြင်းများ ဆောင်ရွက်ထားကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဌေးမြင့်မောင်


