နမ္မတူ ၂၉ ဇွန်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ရည်ရွယ်၍ နမ္မတူ - လားရှိုး - မူဆယ် ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများအားလုံး ဇွန်လ (၂၈)ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ယာဉ်လိုင်းများ ယာယီပိတ်ထားဆောင်ရွက်ရာတွင် (Stay at home) မြို့နယ်အဖြစ် သတ်မှတ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အပါအဝင် စပ်ဆက်လျက်ရှိသော လမ်းကြောင်းတစ်လျှေက်ရှိ မြို့နယ်များသို့ မော်တော်ယဉ်ပြေးဆွဲခွင့်အား ဇွန်လ (၂၈)ရက် နေ့မှစတင်ကာ ယာယီပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ပြေးဆွဲခွင့်ရရှိပါက အသိပေးမည် ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်လိုင်းများ ယာယီပိတ်ထားလျက်ရှိသည့် ကာလအတွင်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ ပြေးဆွဲလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆) ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ ရက်သတ္တ (၂) ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး (၅)ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

 

လူမော် (ပြန်/ဆက်)