ဝက်လက်    ၂၉   ဇွန်

             

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ( ၂၀၁၈ - ၂၀၂၂  ) မဟာဗျူဟာစီမံကိန်း နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP) အရ ဝက်လက်မြို့နယ် တရားရုံးအနေဖြင့်  မှု့ခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program -CMP) ဖြင့် မှုခင်းများ စစ်ဆေးခြင်းကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program -CMP) မိတ်ဆက်ပွဲ အခမ်းအနားကို ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦဂစီးဌာန၏ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉နာရီ ခွဲက  ပြုလုပ်သည်။

 

mdn

 

ရှေးဦးစွာ ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုးက  အဖွင့်အမှာစကား ပြောကြားရာတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ သိကောင်းစရာများ အကြောင်းထည့်သွင်း ပြောကြားနောက် ဝက်လက်မြို့နယ် တရားသူကြီး ဒေါ်ပွင့်ဖြိုးလင်းက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် စပ်လျဉ်း၍ ဝပ်လက်မြို့၌ ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

            

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေ့များ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ နယ်မြေစခန်းမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

  

စိုးစိုးလှိုင် (ဝက်လက်)