ငဖဲ   ၂၉    ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာသုံးထင်းစိုက်ခင်းဧက (၃၀)၊ ရေဝေရေလဲ စိုက်ခင်း ဧက ၅၀ နှင့် အထူးစိမ်း စိုက်ခင်းများအတွက် သစ်မျိုးစုံ အပင်ပေါင်း (၃၉၈၅၀) ကို ဇွန်လ ၁၁ ရက်နေ့မှ စတင်စုပေါင်း စိုက်ပျိုးခဲ့ရာ ယနေ့တွင် သစ်ပင်မျိုးစုံ စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာတွင် ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးမှူးဦးဇော်သင်း နှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူလူထုများ ပူးပေါင်း၍  အရိပ်ရပင်နှင့် နှစ်ရှည်ပင်များဖြစ်သော ယူကလစ် (၁၀၄၀၂) ပင်၊ ရှား (၂၁၄၇၉) ပင်၊ ဝါး (၁၂၀၉) ပင်၊ မာတာကွတ် (၁၀၀)ပင်၊ တမာ (၅၅၀) ပင်၊ပိတောက် (၉၀)၊ ယင်းမာ (၉၀၀) ပင်၊ မြန်မာကုက္ကိုလ် (၉၀၀) ပင်၊ ဒဟတ် (၄၅၀) ပင်နှင့် ဖျောက်ဆိတ် (၁၃၅) ပင် တို့ကို  ကျေးရွာသုံး ထင်းစိုက်ခင်း ဧက (၃၀)၊ ရေဝေရေလဲ စိုက်ခင်း ဧက ၅၀ နှင့် အထူးစိမ်းစိုက်ခင်းများတွင် စုပေါင်းစိုက်ပျိုး ပြီးစီးခဲ့ကြောင်းသိရသည်။

 

မယု(ငဖဲ)

mdn