ကျုံပျော်    ၂၉  ဇွန်    

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် နာရီခွဲက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးက သင်တန်းဖွင့်လှစ် သင်ကြားပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့် သင်တန်းတွင်ထူးချွန်ဆု ရရှိသူများကို တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုများ ပေးအပ်ကြပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးရန်နိုင်ဝင်း၊ ကျုံပျော်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးနှင့် ဝန်ထမ်းများ၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ (၃၀) တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၇) ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

 

စိုးမိုကျော်

mdn